၂၈ ဧပြီလ ၂၀၁၀၊ အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ဒုက္ခသည်အဖြစ်နေထိုင်နေသော ချင်းအမျိုးသား တဦး ယခုလ ၂၁ရက်နေ့ည က ဒေသခံအမည် မသိသူ အိန္ဒိယအမျိုးသားများ၏ ရိုက်နှက် မှုကြောင့် ဆေးရုံတင်ခဲ့ရသည်။
မြို.တော် နယူးဒေလီ ဆီတာပူရီ (Sitapuri) ရပ်ကွက်တွင်နေထိုင်သော မြန်မာနိုင်ငံ ချင်းပြည် နယ် မြောက်ပိုင်း ထန်တလန် မြို့ နယ် Bungkhua ကျေးရွာမှ ဦး Zo Ram Thang သည် ည ၈နာရီခန့် တွင် ရေခတ်သွားပြီး ပြန်အလာတွင် အမည် မသိသူ အိန္ဒိယလူမျိုးများက ရိုက်နှက်ကာ ဦးခေါင်းတွင် ဒဏ်ရာရာခဲ့သည်ဟု ချင်း ဒုက္ခသည်များကော်မီတီ CRC တာဝန်ရှိ သူ ပူး Ro Mawi ကပြောသည်။
“သူ.ကို Deen Dal Upurdei လို.ခေါ်တဲ့ (DDU) ဆေးရုံးတွင် တင်ထားတယ် ပြီးတော့ အဲဒီဆေးရုံမှာ တာဝန်ကျနေတဲ့ ရဲတွေ ဆီမှာလည်း တိုင်ကြားတယ်လို.သိရတယ် ရဲစခန်းမှာတော့ သီးသန်.တိုင်းထား တာတော့မရှိဘူး”ဟု သူက ခိုနူမ်းထုန် ကိုပြောပြခဲ့သည်။
ရဲထံတိုင်ကြားထားပြီးဖြစ်သော်လည်း ယခုအထိမည်သည့် အရေးယူဆောင်ရွက်မှုကိုမှ သက်ဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခြင်းမရှိသေးကြောင်းသိရသည်။
ပူဇိုးရမ်ထန်းတို.မိသားစုသည် နအဖစစ်အစိုးရ၏ နည်းမျိုးစုံသော လူထု အပေါ် ဖိနှိပ်မှုများကို မခံနိုင်သည့်အဆုံး ၁၉၉၉ခုနှစ်က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် သို.ရောက်ရှိလာကြပြီး ထို.မှတဆင့် နယူးဒေလီမြို့ UNHCR ရုံးသို့  ဒုက္ခသည်အဖြစ်ခံယူကာ နေထိုင်ကြသူများဖြစ်သည်။
ယခုအခါ သူတို.မိသားစုကို UNHCR ရုံးမှ ထောက်ပံ့ကြေးမပေးတော့သည့်အတွက် District Centre တွင် တစ်လရူပီငွေ ၃၀၀၀ ဖြင့် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင် ကာ မိသားစု ပြသာနာကို ခက်ခက်ခဲခဲ ဖြေရှင်းနေကြရသည်သိရသည်။
နယူဒေလီမြို.ရှိ Jeevan Park , Asalatpur, Vikaspuri နှင့် Sitapuri စသည့်ရပ်ကွက်များတွင် ဒုက္ခသည်အဖြစ် နေထိုင် ကြသည့် ချင်းလူမျိုးများကို ယခုတလောတွင် ဒေသခံအိန္ဒိယအမျိုးသား များ က ရိုက်နှက်ခြင်း၊ မုဒိန်းကျင့်ခြင်းများ မကြာ ခဏဆိုသလိုပိုမိုပြုလုပ်လာသည်ဟုသိရသည်။
Leave a comment