၂၃ ဇွန်လ ၂၀၁၀၊ (ဟားခါး)ချင်းပြည်နယ်၏မြို.တော် ဟားခါးမြို့ပေါ်ရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို ဇွန်လ ၁ ရက် နေ.ကပြီး ဆိုင်ကယ်လိုင်စင် များအား ဈေးနူန်းချိုသာစွာဖြင့် ပြုလုပ်ပေးနေကြောင်း ဟားခါး မြို့ ကညန ရုံးမှစုံစမ်းသိရှိရသည်။ ဆိုင်ကယ်လိုင်စင်ကို ဇွန်လ ၃၀ ရက်နေ.အထိ သာ ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ကုန်းလမ်းပို.ဆောင်ရေးနှင့်ညွန်ကြားရေးဌါန(ကညန)မှတာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ မကြာခင်ရက်ပိုင်းအတွင်း လိုင်စင်မဲ့ဆိုင် ကယ်များတွေ.ရှိပါက ဖမ်းဆီး သွားမည် ဖြစ်သော ကြောင့် ယခုကဲ့သို. ဆိုင်ကယ်ရှိသူတိုင်းလိုင်စင်ပြုလုပ်နိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ဖြင့် လိုင်စင်များထုတ်လုပ်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အခုလို ကုန်ကျစရိတ်သက်သာစွာနှင့် ပြုလုပ်ပေးနေတာကတော့နောက်ဆိုရင် လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို နားလည် မှုမရှိဘဲသိမ်းတော့မှာမို့လို့ အခု ဈေးသက်သက် သာသာနှင့်လုပ်ပေးတာပါ….အခုချိန်မှာ လိုင်စင်မလုပ်တဲ့ဆိုင်ကယ်တွေကိုတော့ တကယ် သိမ်းသွားတော့မှာ….ပြီးတော့ ယဉ်စည်း ကမ်းတွေ သူတို့ မတော်တဆဖောက်ဖျက်လာတဲ့ အချိန်မှာ သူတို့ အတွက် အရေးယူ ရတာ ခက်ခဲနေလို့ပါ”လည်းကောင်းက ပြောသည်။
ဆိုင်ကယ်လိုင်စင်များကို ၂၀၁၀-ခုနှစ်အတွင်း (၂)ကြိမ်ပြုလုပ်ပေးပြီဖြစ်ပြီး ဖေဖ၀ါရီလ မှ မတ်လအထိ တစ်ကြိမ်ပြုလုပ်ပေးချိန်တွင် တရုတ်ထုတ် ဆိုင်ကယ် လိုင်စင်ပြုလုပ်ခကို ကျပ် (၃)သိန်းနီးပါးကုန်ကျခဲ့ရကြောင်းသိရသည်။ သို.သော်လည်း ယခုခေါက်တွင်မူ ကျပ် (၁)သိန်း မှ(၂)သိန်းကြားသာ ကုန်ကျမည်ဖြစ်ကြောင်း ကညနရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နိုင်ငံတော်အစိုးရဘက်မှ ထက်ဝက်ဈေးနူန်းလျှော့ချကာလိုင်စင်များပြုလုပ်ပေးနေသော်လည်း ကညနရုံး တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ် သူသိပ်မရှိကြောင်း စုံစမ်းသိရှိရသည်။
ဟားခါးမြို့ပေါ်တွင် ဆိုင်ကယ်အစီး (၇၀၀၀) မှ (၈၀၀၀)ကြားခန့်ရှိသည်ဟုသိရပြီး ယင်းအထဲ မှလိုင်စင်ရှိဆိုင်ကယ်အစီး(၄၀၀၀) ခန့်သာရှိသည်ဟုသိရသည်။
ဟားခါးမြို.ပေါ်တွင် ယခုကဲ့သို. လိုင်စင်မဲ့ဆိုင်ကယ်များ ပေါ်များလာရခြင်းမှာ ဆိုင်ကယ်ပိုင်ရှင် များနှင့်ဒေသအာဏာပိုင်များအကြား လဒ်ပေးလဒ်ယူမှုများပြုလုပ်ကာ နာလည်းမှုဖြင့် ပြုလုပ် ပေးထားသော ဆိုင်ကယ် များပြားနေခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါကညနမှ တာဝန်ရှိသူက ဆက်ပြောသည်။
ယခုလိုလိုင်စင်ပြုလုပ်ပေးလာသည်နှင့်အမျှ ယခုလ(၁)ရက်နေ့ကစပြီး ဟားခါးမြို.ပေါ်တွင် အသက်(၁၈)နှစ်မပြည့်သေးဘဲ ယဉ်မောင်း နှင်သူများတွေ့ရှိပါက ၄င်းတို့၏ ယဉ်များကို သိမ်းယူမည်ဖြစ်ကြောင်းဟားခါးမြို့မော်တော်ယဉ်ထိန်းသိမ်းရေးအဖွဲ့နှင့်ပြည်ထဲရေးအဖွဲ့ပူး ပေါင်းပြီး အမိန်.ထုတ်ပြန်ထားသည်ဟုသိရသည်။ ယင်းကဲ့သို. အမိန်.ထုတ်ပြန်ခြင်းမှာ ပြီးခဲ့သည့် မေလကုန်ပိုင်းက ဟားခါးမြို.ပေါ်တွင် ဆိုင်ကယ်တိုင်ခိုက်မှုဖြစ်ပွားခဲ့ရာ အသက် (၁၈)မပြည့်သေးသူ အမျိုးသမီးငယ်တဦး သေဆုံး ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
Leave a Reply